အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်း ဆိုက်ရောက်/ထွက်ခွာ အဆောက်အအုံ လက်မှတ်အရောင်းဂိတ်ခန်းနှင့် ခြောက်လမ်းသွားလမ်းမကြီး တစ်ပြိုင်နက်တည်း ဖွင့်မည်

အောင်မင်္ဂလာအဝေးပြေး ကားဝင်းအတွင်း၌ စမ်းသပ် အသုံးပြုလျက် ရှိသော ဆိုက်ရောက်/ထွက်ခွာ အဆောက်အအုံနှင့် လက်ရှိ ဆောက်လုပ်လျက်ရှိသော လက်မှတ် အရောင်းဂိတ်ခန်းနှင့် ခြောက်လမ်းသွား အောင်မင်္ဂလာ လမ်းမကြီးတို့ကို တစ်ပြိုင်နက် ဖွင့်လှစ်အသုံးပြုမည် ဖြစ်ကြောင်း ‘ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (အောင်မင်္ဂလာဝင်း)’မှ သိရ သည်။Highway-Station


ကားဝင်းအတွင်းရှိ အဝေးပြေး ကားများ ရပ်နား၍ ခရီးသည် အတင်/အချ ပြုလုပ်နိုင်သော ဆိုက်ရောက်/ထွက်ခွာ အဆောက်အအုံမှာ ၂၀၁၃ ခုနှစ်၊ သြဂုတ်လမှ စ၍ စမ်းသပ် အသုံးပြုခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်တည်ဆောက်ခဲ့သည့် လက်မှတ် အရောင်းဂိတ်ခန်း များမှာ လက်ရှိတွင် ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း၊ ၀င်း၏ အဓိကယာဉ်ဝင်/ထွက်ပေါက်အဖြစ် အသုံးပြုမည့် ခြောက်လမ်းသွား အောင်မင်္ဂလာ လမ်းမကြီးမှာ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း၊ ပြီးစီးမှုအလိုက် သက်ဆိုင်ရာ ဌာနများ၏ ခွင့်ပြုချက်ရရှိပါက တစ်ပြိုင်နက် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် လမ်းခင်းကျင်းမှု ဆောင်ရွက်ဆဲဖြစ်သည့် ခြောက်လမ်းသွား အောင်မင်္ဂလာလမ်းကြောင့် ယာဉ်ကြော ကျပ်တည်းမှုများ ဆက်လက်ဖြစ်ပွား လျက်ရှိပြီး ယာဉ်ကြောပိတ်ဆို့မှုနှင့် ကျပ်တည်းမှုကြောင့် ဇန်န၀ါရီ ၃၀ ရက် တွင် ၀င်းအတွင်းရှိ ရွှေစင်စကြာ အဝေးပြေးယာဉ်နှင့် အသင်းဝင် မဟုတ်သည့် ပြင်ပတက္ကစီယာဉ်များ ခိုက်ရန်ဖြစ်ပွားမှု ရှိခဲ့ကြောင်းနှင့် အဆိုပါလမ်းမကြီး ပြီးစီးပါက ဆိုက်ရောက်/ထွက်ခွာ အဆောက်အအုံနှင့် လက်မှတ်အရောင်း ဂိတ်ခန်းများကို တစ်ပြိုင်နက် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။


Ref: Automobile

Latest News

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး...

Container 150x150

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး ကမ်းနားလမ်းပေါ်ရှိမြို့ထဲ အသွား ကမ်းနားဘက်ခြမ်းတွင် ကွန်တိန်နာယာဉ်များ တန်းစီရပ်တန့်ထားသောကြောင့်...

Read more »

Consignment...

Consignment 150x150

ကားအ​ရောင်းပြခန်းများနဲ့ ကားအ​ရောင်းစင်​တာများက Consignment စနစ်ဖြင့်တင်​သွင်းထားရှိ​သောကားများ ၂၀၁၇ ဇူလိုင်​လ အထိ...

Read more »

BRT ဘတ်​စ်​ကားများကို ထိန်းချူ...

Brtcontrolroom 150x150

ရန်​ကုန်​တိုင်း​ဒေသကြီးအတွင်း ​ပြေးဆွဲ​ပေး​နေ​သော BRT အမြန်​ယာဉ်​ကားများကို ထိန်းချူ ပ်​​စောင့်ကြည့်သွားမည့် Control Room...

Read more »

ယနေ့ (၆.၁၂.၂၀၁၆) အတွက်...

Weekly price 150x150

စလစ်ဈေး အနက် - ၁၁၇ သိန်း အနီ - ၉၈ သိန်း တိုက်ကြေ - ၁၀၆ သိန်းဒေါ်လာဈေး (၁ ဒေါ်လာလျှင် ၁၃၀၆ ကျပ်) ဂျပန်ယန်းဈေး (၁၀၀ ယန်း လျှင် ၁၁၈၁.၃...

Read more »
Download Android App