Aston Martin မှ 1000 hp ရှိ လျှပ်စစ်ကားထုတ်လုပ်ရန် ပြင်ဆင်

ကမ္ဘာ့ထိပ်တန်း ကားထုတ်လုပ်ရေးကုမ္ပဏီတစ်ခု ဖြစ်သော Aston Martin သည် လျှပ်စစ်ကားဈေးကွက်ကို ဝင်ရောက်ရန် ကြိုးပမ်းသည့်အနေဖြင့် မြင်းကောင်ရေ 1000 အားအထိ ထုတ်ပေးနိုင်မည့် လျှပ်စစ်ကားအမျိုးအစားတစ်ခုကို တီထွင်ဖန်တီးနေကြောင်း CEO ဖြစ်သူ Dr. Andy Palmer က ပြောကြားခဲ့သည်.။

dsf0440-500x333

 

 

အသစ်ထုတ်လုပ်မည့် လျှပ်စစ်ကားသည် Sedan အမျိုးအစားဖြစ်ပြီး Aston Martin Rapide S ပေါ်တွင် အခြေခံ၍ ထုတ်လုပ်ထားသောကားတစ်စီးဖြစ်သည်.။ ဈေးကွက်တင်ရောင်းချမည့် အချိန်ကာလကို အတိအကျဖော်ပြခြင်းမရှိသောလည်း (၂) နှစ်အတွင်း ဈေးကွက်တင်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သူကဆိုသည်.။ မြင်းကောင်ရေ 1000 အထိ ထုတ်လုပ်ပေးနိုင်မည်ဖြစ်သော Super Sedan အမျိုးအစားဖြစ်သည်.။

 

MyanmarCarsDB မှ Sedan ကားများကိုကြည့်ရန်


 

လျှပ်စစ်ကား၏ ဈေးနှုန်းကို အတိအကျမဖော်ပြသော်လည်း Rapide S ၏ ဈေးကွက်တင်ရောင်းချသော ဈေးနှုန်းမှာ $200,000 ဖြစ်သောကြောင့် လျှပ်စစ်ကား၏ ဈေးနှုန်းမှာ $300,000 ခန့်ရှိမည်ဟု ခန့်မှန်းထားသည်.။

လတ်တလောဈေးကွက်အတွင်း ထုတ်လုပ်ပြီးဖြစ်သော Tesla လျှပ်စစ်ကား Model S ၏ ဈေးနှုန်းမှာ $120,000 ဖြစ်သည်.။ Aston Martin မှ ထုတ်လုပ်သောကားများကို လတ်တလောတွင် V8 နှင့် V12 အင်ဂျင်များ တပ်ဆင်အသုံးပြုထားပြီး ယခုလျှပ်စစ်ကား၏ အခြေခံကားဖြစ်သော Rapide S သည် မြင်းကောင်ရေ 550 ကောင်အားအထိ ထုတ်လုပ်ပေးနိုင်သည်.။ Rapide S သည် 0 - 60 mph ကို 4.7 စက္ကန့်အတွင်း ရောက်ရှိနိုင်သည်ကို တွေ့ရသည်.။

ကမ္ဘာ့ထိပ်တန်း ကားကုမ္ပဏီကြီးများမှ လောင်စာဆီချွေတာနိုင်၍ သဘာဝပတ်ဝန်းကျင်ကို အထောက်အကူပြုသော လျှပ်စစ်ကားများကို ထုတ်လုပ်လာခဲ့ရာ Audi ၏ R8, Marcedes ၏ SLS တို့ကိုလဲ လျှပ်စစ်ကားများအဖြစ် ထုတ်လုပ်ခဲ့ပြီးဖြစ်သည်.။

Ref: Business Insider
Aung Mon Chan
www.myanmarcarsdb.com
No. 1 Car Site in Myanmar

Latest News

ကုန်​​တင်​ယာဉ်​ကြီး...

Container1 150x150

ရန်​ကုန်​မြို့အတွင်း ကုန်​တင်​ယာဉ်​နဲ့ ကုန်​​သေတ္တာယာဉ်​များကို အချိန်​ကန့်​သတ်​သွားလာရမည်​ဖြစ်​​သော်​လည်း အ​ရေးကြီးကုန်​စည်​များ...

Read more »

ကုမ္ပဏီ လိုင်​စင်​​ဖြင့်လုပ်ငန်းသုံးကား...

Breakingnews n 150x150

ပင်လယ်ေ​​ရ​ကြောင်းမှတစ်​ဆင့်လည်း​ကောင်း ၊ နယ်​စပ်​​ဒေသများမှလည်း​ကောင်း ကုမ္ပဏီ လိုင်​စင်​​ဖြင့် ၅ တန်​နှင့်​​အောက်​လုပ်​ငန်းသုံးကားများ...

Read more »

ယာဉ်အိုယာဉ်​​ဟာင်းအပ်​နှံပြီး...

Oldcars 150x150

သက်​တမ်းနှစ် ​နှစ်​ဆယ်​ပြည့်ြ့​ပီး ယာဉ်​အိုယာဉ်​​ယောင်းအပ်​နှံပြီး အစားထိုးတင်​သွင်းသည့် စနစ်​အစား အခြားနည်းလမ်းတစ်​ခုဖြင့်...

Read more »

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး...

Container 150x150

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး ကမ်းနားလမ်းပေါ်ရှိမြို့ထဲ အသွား ကမ်းနားဘက်ခြမ်းတွင် ကွန်တိန်နာယာဉ်များ တန်းစီရပ်တန့်ထားသောကြောင့်...

Read more »
Download Android App