အာဆီယံစံႏႈန္း ကုန္ႏွင့္ယာဥ္တန္ခ်ိန္ သတ္မွတ္ခ်က္ ႏွစ္ကုန္ပိုင္းတြင္ စတင္အေကာင္အထည္ေဖာ္မည္

ရန္ကုန္၊ ဇန္နဝါရီ ၄

အာဆီယံစံႏႈန္း ယာဥ္ႏွင့္ကုန္တန္ခ်ိန္စနစ္ကို ၂၀၁၅ ခုႏွစ္တြင္ ေဆာင္ရြက္ရန္သတ္မွတ္ထားရာ ႏွစ္ကုန္ပိုင္း ဒီဇင္ဘာလမွသာ စတင္အေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားမည္ျဖစ္ၿပီး ထိုအခ်ိန္မတိုင္မီ အထိ သက္ဆိုင္ရာ လမ္းတံတားဂိတ္မ်ားအေနျဖင့္ ပံုမွန္ခြင့္ျပဳထားသည့္ ယာဥ္ႏွင့္ကုန္တန္ခ်ိန္ သတ္မွတ္ခ်က္အတိုင္း ဆက္လက္ေကာက္ခံမည္ျဖစ္ေၾကာင္းႏွင့္ တံတားတန္ပုိဒဏ္ေၾကး ေကာက္ခံမႈႏႈန္းထားမွာမူ ေျပာင္းလဲသတ္မွတ္မႈရွိေၾကာင္း သိရသည္.။

၂၀၁၅ ခုႏွစ္ဇန္နဝါရီလ (၁) ရက္မွ စတင္၍ ေအာင္ေဇယ်ႀကိဳးတံတားတြင္ တန္ပိုျဖတ္သန္းခြင့္မျပဳေတာ့ေၾကာင္း၊ စီမံကိန္းဝင္တံတား၊ သာမန္တံတားမ်ားတြင္ တံတားေၾကးအျဖစ္ ေကာက္ခံရာတြင္ တန္ပိုဒဏ္ေၾကးအျဖစ္ တစ္တန္ႏႈန္း၊ သံုးဘီးဆိုင္ကယ္မွ ဒိုင္နာ၊ ကန္တာႏွင့္ ကိုယ္ထည္အလ်ား ၁၅ေပအထက္ ေျခာက္ဘီးကားမ်ားအတြက္ တံတားေၾကး၏ ၁၀ဆ၊ BM ခရီးသည္တင္ယာဥ္ (လတ္) အမ်ိဳးအစားမွ ေနာက္တြဲမပါ ဝင္ရိုးငါးခုပါ ကုန္တင္ယာဥ္မ်ားအထိ တံတားေၾကး၏ ေျခာက္ဆ၊ ေနာက္တြဲပါ ကုန္တင္ယာဥ္ႀကီးမ်ားအတြက္ တံတားေၾကး၏ သံုးဆကို ဒဏ္ေၾကးအျဖစ္ေကာက္ခံသြားမည္ ဟုေဖာ္ျပထားသည္.။

တံတားတန္ပိုေၾကးကို ယခင္က တံတားေၾကး၏ ၁၀ဆသာ ေကာက္ခံရာမွ ယခုႏႈန္းထားသစ္အရ တစ္တန္ႏႈန္းအျဖစ္ တံတားေၾကး၏ သံုးဆမွ ၁၀ဆအထိ ယာဥ္အမ်ိဳးအစားလိုက္ ခြဲျခားသတ္မွတ္လိုက္သျဖင့္ ရန္ကုန္ၿမိဳ႕တြင္းသြား ကုန္တင္ယာဥ္မ်ားအတြက္ ပိုမိုကုန္က်ႏိုင္ၿပီး အေဝးေျပးကုန္တင္ယာဥ္မ်ားမွာမူ ဒဏ္ေၾကးေပးေဆာင္ရမႈ နည္းပါးႏိုင္ေၾကာင္း ကားဂိတ္ပိုင္ရွင္တစ္ဦးက ေျပာသည္.။

---------------

ရန်ကုန်၊ ဇန်နဝါရီ ၄
အာဆီယံစံနှုန်း ယာဉ်နှင့်ကုန်တန်ချိန်စနစ်ကို ၂၀၁၅ ခုနှစ်တွင် ဆောင်ရွက်ရန်သတ်မှတ်ထားရာ နှစ်ကုန်ပိုင်း ဒီဇင်ဘာလမှသာ စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုအချိန်မတိုင်မီ အထိ သက်ဆိုင်ရာ လမ်းတံတားဂိတ်များအနေဖြင့် ပုံမှန်ခွင့်ပြုထားသည့် ယာဉ်နှင့်ကုန်တန်ချိန် သတ်မှတ်ချက်အတိုင်း ဆက်လက်ကောက်ခံမည်ဖြစ်ကြောင်းနှင့် တံတားတန်ပိုဒဏ်ကြေး ကောက်ခံမှုနှုန်းထားမှာမူ ပြောင်းလဲသတ်မှတ်မှုရှိကြောင်း သိရသည်.။
၂၀၁၅ ခုနှစ်ဇန်နဝါရီလ (၁) ရက်မှ စတင်၍ အောင်ဇေယျကြိုးတံတားတွင် တန်ပိုဖြတ်သန်းခွင့်မပြုတော့ကြောင်း၊ စီမံကိန်းဝင်တံတား၊ သာမန်တံတားများတွင် တံတားကြေးအဖြစ် ကောက်ခံရာတွင် တန်ပိုဒဏ်ကြေးအဖြစ် တစ်တန်နှုန်း၊ သုံးဘီးဆိုင်ကယ်မှ ဒိုင်နာ၊ ကန်တာနှင့် ကိုယ်ထည်အလျား ၁၅ပေအထက် ခြောက်ဘီးကားများအတွက် တံတားကြေး၏ ၁ဝဆ၊ BM ခရီးသည်တင်ယာဉ် (လတ်) အမျိုးအစားမှ နောက်တွဲမပါ ဝင်ရိုးငါးခုပါ ကုန်တင်ယာဉ်များအထိ တံတားကြေး၏ ခြောက်ဆ၊ နောက်တွဲပါ ကုန်တင်ယာဉ်ကြီးများအတွက် တံတားကြေး၏ သုံးဆကို ဒဏ်ကြေးအဖြစ်ကောက်ခံသွားမည် ဟုဖော်ပြထားသည်.။
တံတားတန်ပိုကြေးကို ယခင်က တံတားကြေး၏ ၁ဝဆသာ ကောက်ခံရာမှ ယခုနှုန်းထားသစ်အရ တစ်တန်နှုန်းအဖြစ် တံတားကြေး၏ သုံးဆမှ ၁ဝဆအထိ ယာဉ်အမျိုးအစားလိုက် ခွဲခြားသတ်မှတ်လိုက်သဖြင့် ရန်ကုန်မြို့တွင်းသွား ကုန်တင်ယာဉ်များအတွက် ပိုမိုကုန်ကျနိုင်ပြီး အဝေးပြေးကုန်တင်ယာဉ်များမှာမူ ဒဏ်ကြေးပေးဆောင်ရမှု နည်းပါးနိုင်ကြောင်း ကားဂိတ်ပိုင်ရှင်တစ်ဦးက ပြောသည်.။

 

Aung Mon Chan

www.myanmarcarsdb.com

Latest News

ကုန္​​တင္​ယာဥ္​ႀကီး...

Container1 150x150

ရန္​ကုန္​ၿမိဳ႕အတြင္​း ကုန္​တင္​ယာဥ္​နဲ႔ ကုန္​​ေသတၱာယာဥ္​မ်ားကို အခ်ိန္​ကန္​႔သတ္​သြားလာရမည္​ျဖစ္​​ေသာ္​လည္​း အ​ေရးႀကီးကုန္​စည္​မ်ား...

Read more »

ကုမၸဏီ လိုင္​စင္​​ျဖင့္လုပ္ငန္​းသံုးကား...

Breakingnews n 150x150

ပင္လယ္​ေ​​ရ​ေၾကာင္​းမွတစ္​ဆင့္လည္​း​ေကာင္​း ၊ နယ္​စပ္​​ေဒသမ်ားမွလည္​း​ေကာင္​း ကုမၸဏီ လိုင္​စင္​​ျဖင့္ ၅ တန္​ႏွင့္​​ေအာက္​လုပ္​ငန္​းသံုးကားမ်ား...

Read more »

ယာဥ္အိုယာဥ္​​ဟာင္​းအပ္​ႏွံျပီး...

Oldcars 150x150

သက္​တမ္​းႏွစ္ ​ႏွစ္​ဆယ္​ျပည့္ျ​့ပီး ယာဥ္​အိုယာဥ္​​ေယာင္​းအပ္​ႏွံျပီး အစားထိုးတင္​သြင္​းသည့္ စနစ္​အစား အျခားနည္​းလမ္​းတစ္​ခုျဖင့္...

Read more »

ယေန႔မနက္ ဒီဇင္ဘာလ ၈ ရက္မွ စျပီး...

Container 150x150

ယေန႔မနက္ ဒီဇင္ဘာလ ၈ ရက္မွ စျပီး ကမ္းနားလမ္းေပၚရွိျမိဳ႕ထဲ အသြား ကမ္းနားဘက္ျခမ္းတြင္ ကြန္တိန္နာယာဥ္မ်ား တန္းစီရပ္တန္႔ထားေသာေၾကာင့္...

Read more »
Download Android App