Android နှင့် iOS သုံး Mobile Tablet များတွင် တပ်ဆင်ထားနိုင်သည့် လမ်းတံတားဆိုင်ရာ အချက်အလက်ပြစနစ် မေလအတွင်း အသုံးပြုနိုင်မည်

ပြည်သူများ ခရီးသွားလာရာတွင် လွယ်ကူ အဆင်ပြေစေရန်အတွက် Android စနစ်သုံး မိုဘိုင်းဖုန်းများနှင့် iOS စနစ်သုံး Mobile Tablet များတွင် လွယ်လင့်တကူ တပ်ဆင်ထားနိုင်မည့် လမ်းတံတားဆိုင်ရာ အချက်အလက်ပြစနစ်ကို မေလအတွင်း အသုံးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ‘ဆောက်လုပ်ရေး ၀န်ကြီးဌာန’မှ သတင်းရရှိသည်။                MapmyIndia-CarPad
အဆိုပါ လမ်းတံတားဆိုင်ရာ အချက်ပြ လမ်းညွှန်စနစ် (RBIS- Road and Bridge Map Information System)မှာ Google Map ကို အခြေခံ ရေးဆွဲထားသည့် G2C (Government to Citizens) ၀န်ဆောင်မှု တစ်ခုဖြစ်ပြီး ၎င်းစနစ် တပ်ဆင်ထားခြင်းဖြင့် မိမိသွားရောက်လိုသည့် ခရီးအကွာအဝေး၊ လမ်းခရီးတစ်လျှောက် ဖြတ် သန်းရမည့် အနေအထားနှင့် Toll Gate များတွင် ကောက်ခံမှုနှုန်းထား စသည့် အချက်အလက်များကို စစ်ဆေးကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။ “လက်ရှိမှာတော့ သက်ဆိုင်ရာ Data အချက်အလက်တွေကို ထည့်သွင်းနေပြီး အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်ဖို့အတွက် စမ်းသပ်ဆောင်ရွက်မှုတွေ ပြုလုပ်နေပါတယ်၊ ဒီ Application ကို ၂၀၁၄ ခုနှစ်၊ မေလအတွင်းမှာ အများပြည်သူ အသုံးပြုနိုင်ဖို့အတွက် ကြိုးစားဆောင်ရွက်နေပါတယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ လမ်း၊ တံတားဆိုင်ရာ အချက်အလက်ပြစနစ် ရေးဆွဲပြီးစီးပါက အဆိုပါ Application အား Google Play Store နှင့် Application Store တို့တွင် Free Download ရယူနိုင်ရန်အတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


 

Ref: Automobile

Latest News

ယနေ့ (၆.၁၂.၂၀၁၆) အတွက်...

Weekly price 150x150

စလစ်ဈေး အနက် - ၁၁၇ သိန်း အနီ - ၉၈ သိန်း တိုက်ကြေ - ၁၀၆ သိန်းဒေါ်လာဈေး (၁ ဒေါ်လာလျှင် ၁၃၀၆ ကျပ်) ဂျပန်ယန်းဈေး (၁၀၀ ယန်း လျှင် ၁၁၈၁.၃...

Read more »

မီနီဘတ်​စ်​နဲ့စီး​တီးဘတ်​စ်​...

Kanyana 150x150

ရန်​ကုန်​မြို့ တွင်​ ​ပြေးဆွဲ​နေတဲ့ခရီးသည်​တင်​ယာဉ်​များဖြစ်​​သော မီနီဘတ်​စ်​ နဲ့ စီးတီးဘတ်​စ်​...

Read more »

Risk ကို Reduce လုပ်ပေးနိုင်မယ့် Insurance...

Car db artical 7 150x150

ကမ္ဘာမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးတဲ့ဦးရေဟာ တစ်နှစ်ကို ၁.၃ သန်းခန့်ရှိပြီး သန်း၅၀ကျော် ဒဏ်ရာရခဲ့ကြတာ။ ဖြစ်တော့လည်း သေလူများရဲ့ ၉၀ရာခိုင်နှုန်းက...

Read more »

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း...

Pg1 150x150

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း တင်သွင်းခွင့်ပြုသွားမည့် ကား model/Year သတ်မှတ်ချက်များ photo creadit

Read more »
Download Android App