အိမ်ပြောင်းရွှေ့ရာ၌ ၀န်ဆောင်မှု လုပ်ငန်းများ ငှားရမ်းအသုံးပြုမှု ပိုမို များပြားလာ

ရန်ကုန်မြို့တွင်း အိမ်အပြောင်းအရွှေ့များ ပြုလုပ်ရာတွင် ပြောင်းရွှေ့ဝန်ဆောင်မှုလုပ်ငန်းများ ငှားရမ်းအသုံးပြုမှု ပိုမိုများပြားလာကြောင်း အိမ်အပြောင်းအရွှေ့ ၀န်ဆောင်မှု လုပ်ငန်းဈေးကွက်မှ စုံစမ်းသိရှိရသည်။


home-moversအိမ်အပြောင်းအရွှေ့ ၀န်ဆောင်မှုလုပ်ငန်းများမှာ ၂၀၁၀ ပြည့်နှစ်ခန့်မှ စတင် ခေတ်စားလာခဲ့ပြီး လက်ရှိတွင် အဆိုပါဝန်ဆောင်မှု အသုံးပြု မှုများမှာ ၈၀ ရာခိုင်နှုန်းအထိ ရှိလာ ခဲ့ကြောင်း သိရသည်။ “အိမ်အပြောင်းအရွှေ့ ၀န်ဆောင်မှုတွေသုံးရတာ အဆင်ပြေတယ်၊ လူလည်း သက်သာတယ်၊ အရင်က ကိုယ်ကိုယ်တိုင် ရွှေ့တုန်းကဆိုရင် အရမ်းပင်ပန်းတယ်၊ ပစ္စည်းတွေနေရာချဖို့ စီစဉ်ရတာနဲ့ အရမ်းကို အလုပ်ရှုပ်တယ်၊ အိမ်ပြောင်းရမှာတောင် ကြောက်တယ်၊ အခုတော့ ဒီလို ၀န်ဆောင်မှု လုပ်ငန်းတွေပေါ် လာတော့ အိမ် ပြောင်းရတာ တော်တ်ာအဆင်ပြေစေတယ်”ဟု အိမ်အပြောင်းအရွှေ့ဝန်ဆောင်မှု ငှားရမ်းအသုံးပြုသူ ဒေါ်ခင်ဝင်းက ဆိုသည်။ အဆိုပါ ၀န်ဆောင်မှုကို ငှား ရမ်းအသုံးပြု ရာ၌ ခရီးအကွာအဝေး၊ အထပ်အနိမ့်အမြင့်အပေါ် မူတည်၍ အနည်းဆုံး ကျပ် သုံးသောင်းခွဲမှ တစ်သိန်းကျော်အထိရှိကြောင်း သိရသည်။“အခုနောက်ပိုင်း အိမ်အပြောင်း အရွှေ့ ၀န်ဆောင်မှုလုပ်တဲ့သူတွေ များလာတယ်၊ ဒီတော့ ကိုယ့်ဘက်က Service ကောင်းကောင်းပေးနိုင်ဖို့ ကြိုးစားရတယ်၊ ကျွမ်းကျင်တဲ့ လုပ်သားတွေနဲ့ လုံလောက်တဲ့ ယာဉ်အစီးရေတွေ ဖြည့်တင်းဆောင်ရွက်ရတာမျိုးတွေ ရှိပါတယ်”ဟု ‘မကြွေသောပန်း အိမ်အပြောင်းအရွှေ့ ၀န်ဆောင်မှုလုပ်ငန်း’မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ရန်ကုန်မြို့တွင်း၌ အိမ်အပြောင်းအရွှေ့ ၀န်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်း ၁၅ ခုခန့်ရှိပြီး မိမိအိမ်ရှိ ပစ္စည်းများနှင့် ချိန်ဆကာ မော်တော်ယာဉ်အား အကြီး၊ အသေး ရွေးချယ်ငှားရမ်းမှုများ ပြုလုပ်နိုင်ကြောင်း သိရသည်။


Ref: Automobile

Latest News

ဘောင်​​ဖောက်​ထည့်ဘောင်​ဖြတ်ထည့်...

Images2 150x150

ပြည်ပက တင်​သွင်းလာသည့်မော်​​တော်​ယာဉ်​များကို ချဲလ်​စီနံပတ်​​ပြောင်းလဲခြင်း ​ဘောင်​​ဖောက်​ထည့်ဘာင်​ဖြတ်​ထည့်ခြင်းများ ပြုလုပ်​ထား​သော...

Read more »

ခရီးသည်​တင်​...

လက်​ရှိ ရန်​ကုန်​တိုင်း​ဒေသကြီးအစိုးရအဖွဲ့အ​နေနဲ့ ခရီးသည်​တင်​ အများပိုင်​ယာဉ်​လိုင်းစီးနင်းသူများ အဆင်​​ပြေ​ချော​မွေ့စွာ...

Read more »

ယနေ့ (၂၃.၁.၂၀၁၇) အတွက်...

စလစ်ဈေး - ၁၀၄ သိန်း ဝန်းကျင်ဒေါ်လာဈေး - (၁ ဒေါ်လာလျှင် ၁၃၅၆ ကျပ်) ဂျပန်ယန်းဈေး - (၁၀၀ ယန်း လျှင် ၁၁၈၅.၅ ကျပ်) ကညန နောက်ဆုံးရောက်ရှိနံပါတ်...

Read more »

ဧပြီ ၁ ရက်​မှစ၍ ယာဉ်​အိုယာဉ်​​ဟောင်း...

Local revenue 150x150

ဧပြီ ၁ ရက်​မှစ၍ ယာဉ်​အိုယာဉ်​​ဟောင်း စလစ်​ကပ်​တင်​သွင်းသည့်​ကားများကို လူပုဂ္ဂိုလ်​တစ်​ဦးချင်း အတိုင်း ဝင်​​ငွေခွန်​​​ပေး​ဆောင်​ရမည်​...

Read more »

ဆိပ်​ကမ်းတွင်​ ​ရောက်​ရှိ​နေ​သော without body...

လက်​ရှိ ဆိပ်​ကမ်းမျာတွင်​ ​ရောက်​ရှိ​နေ​သော without body ဖြင့်တင်​သွင်းလာ​သောကားများကို 1/90 AV ဒဏ်​​ကြေးဖြင့်ထုတ်​ယူခွင့်ပေး၍ မတ်​လ ၁၁...

Read more »
Download Android App