ကားအပိုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများပြပွဲ AAITF ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် ကျင်းပမည်

ကမ္ဘာကျော်ကုမ္ပဏီကြီးများစွာမှ ကားအပိုပစ္စည်းများ နဲ့ ဆက်စပ်ပစ္စည်းများ ပြပွဲကြီးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ IMPACT FORUM Exhibition Centre မှာ ဒီဇင်ဘာလ (၉) ရက်နေ့မှ (၁၁) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်.။ ဒီပွဲကြီးကို နိုင်ငံတကာမီဒီယာကုမ္ပဏီဖြစ်တဲ့ Tarsus Group Ltd မှ စီစဉ်ကျင်းပတာဖြစ်ပြီး နှစ်စဉ် လာရောက်ကြည့်ရှုသူ 1.38 million အထိ ရရှိထားတဲ့ Thailand International Motor Expo နဲ့ တွဲဖက်ကျင်းပမှာဖြစ်ပါတယ်.။

 

ဒီပွဲကြီးမှာ ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာမှ ကားအပိုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းကုမ္ပဏီကြီးများ ပါဝင်ပြသသွားမှာဖြစ်ပြီး ထိုင်းနိုင်ငံမှ Meguiars, Drivebot, SJS Pro Products Co., Ltd. နှင့် PP Super Wheels, နိုင်ငံတကာမှ include Rupes S.p.A, Autovox, Autoglym, Sussex Autoparts, inCarBite, Connects 2, Mchanix, Kunming Songcheng Automobile Repairing Equipment Co., Ltd, Lintec Singapore and Shift Performance Asia (M) SDN BHD (MaxxOil) အစရှိတဲ့ ကုမ္ပဏီများ ပါဝင်ပြသသွားမှာ ဖြစ်ပါတယ်.။ ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ မလေးရှား၊ သြစတေးလျ၊ UK၊ အီတလီ၊ ပိုလန်၊ အမေရိကန်၊ တရုတ်၊ ဟောင်ကောင်၊ စင်္ကာပူ၊ နှင့် ထိုင်ဝမ် နိုင်ငံများမှ ထောက်ပံ့မှုများလဲ ရရှိထားပါတယ်.။

check

ဒီပွဲကြီးမှာ Random Orbital polishers များ အသုံးပြုထားတဲ့ Polishing System ကိုပြသခြင်း၊ MaxxOil Engine Oil ကို မိတ်ဆက်ခြင်း၊ InCarBite လို့ခေါ်တဲ့ Wifi Charging ပြုလုပ်နိုင်တဲ့ ကား Dashboard စနစ်ကို မိတ်ဆက်ပြသခြင်း၊ TPMS လို့ခေါ်တဲ့ ကားကို လေ့လာစောင့်ကြည့်ပြီး ဘက်ထရီစနစ်ကို အသက်သွင်းပေးနိုင်တဲ့ စနစ်၊ Adaptiv လို့ခေါ်တဲ့ ကားရဲ့ Multimedia စနစ်နဲ့ Navigation စနစ်များကို အဆင့်မြှင့်တင်ပေးနိုင်တဲ့ စနစ်၊ CARTOOL ‘Z- 020  လို့ခေါ်တဲ့ ကားတစ်စီးလုံးကို သန့်ရှင်းရေး ကောင်းကောင်းလုပ်နိုင်တဲ့ စနစ်၊ DriveBot လို့ခေါ်တဲ့ ကားမှာ စက်ပစ္စည်းတစ်ခု တပ်ဆင်လိုက်တာနဲ့ ကားရဲ့ အခြေအနေကို ထောက်လှမ်းပြသပေးနိုင်တဲ့ စနစ် အစရှိတဲ့ နည်းပညာအသစ်များစွာကို ခင်းကျင်းပြသ မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်.။

da507172-7a99-4b78-b3f0-2abb88723825

ဟောပြောပွဲအစီအစဉ်များတွင် အရှေ့တောင်အာရှ ကားဈေးကွက်အတွင်းရှိ နောက်ဆုံးရသတင်းနှင့် အနာဂတ်အလားအလာများကို စုံလင်စွာဆွေးနွေးသွားမည်ဖြစ်ပါသည်.။ ဒီဇင်ဘာ (၁၀) ရက်နေ့တွင် ပြုလုပ်မည့် Keynote Session တွင် Thai Autobook and TEBA ၏ ဥက္ကဌ ဖြစ်သူ Uli Kaiser မှ ‘Aftermarket Ecommerce: Global Opportunities’ ခေါင်းစဉ်ဖြင့် ဟောပြောပေးသွားမည်ဖြစ်ပြီး Asia Business Consultation ၏ ဦးဆောင်သူဖြစ်သော Jaymes Khell မှလဲ မှန်ကန်သောဝန်ဆောင်မှုများ ရွေးချယ်ရာတွင် လိုအပ်မည့်အချက်များနှင့် ဆက်စပ်သော အချက်အလက်များကို ဆွေးနွေးသွားမည်ဖြစ်ပါသည်.။ ထို့အပြင် Australian Automotive Aftermarket Association (AAAA) ၏ Senior Manager တစ်ဦးဖြစ်ခဲ့သူ၊ လက်ရှိ Mercury PM ၏ ဒါရိုက်တာဖြစ်သော Ben Bartlett မှလဲ ‘Access to technical and diagnostic information for the average trade workshop’ ခေါင်းစဉ်ဖြင့် ဟောပြောပေးသွားမည် ဖြစ်ပါသည်.။ ထို့အပြင် RUPES S.p.A မှ လေ့ကျင့်သင်ကြားမှုဆိုင်ရာ အထွေထွေမန်နေဂျာဖြစ်သူ Jason Rose မှ ‘Random Orbital Polishing Techniques’ ခေါင်းစဉ်ဖြင့် သင်တန်းတစ်ရပ်ကို လက်တွေ့ပို့ချပေးသွားဦးမည် ဖြစ်ပါသည်.။

113c6400-3b78-4d3a-97bf-4502107efd76

အထက်ပါ ဟောပြောပွဲများနှင့် ထုတ်ကုန်ပစ္စည်းသစ် မိတ်ဆက်ပွဲများအပြင် ထိုင်းနိုင်ငံ၏ ကားပြုပြင်ထိန်းသိမ်းမှု အသင်းကြီးနှင့် ပူးပေါင်း၍ Siam Auto Body မှ Modify ပြုလုပ် တည်ဆောက်ထားသော ကားနှစ်စီးကိုလဲ ပြသသွားမည်ဖြစ်ပါသည်.။ တစ်စီးမှာ "Suriyan" ဟု အမည်ပေးထားသော BMW အမျိုးအစားကားတစ်စီးဖြစ်ပြီး ငွေရောင်အဖြစ်ပြောင်းလဲထားကာ အလင်းရောင်ပေါ်မူတည်၍ ကားတစ်စီးလုံး၏ ပုံစံပြောင်းလဲသွားအောင် တည်ဆောက်ထားသော ကားဖြစ်ပါသည်.။ ထို့အပြင် ကား၏ အစိတ်အပိုင်းများပေါ်တွင် 3D Effect ပါဝင်သော မီးတောက်ပုံစံများဖြင့် တန်ဆာဆင်ထားပါသည်.။ "Suriyan" ကားသည် နိုင်ငံတကာ ကားပြပွဲမှ ဆုတံဆိပ်များ ဆွတ်ခူးထားသော ကားလဲဖြစ်ပါသည်.။ အခြားသောကားတစ်စီးမှာမူ Jaguar XKR အမျိုးအစားဖြစ်ပြီး ကား၏ Classic Style ပုံစံကို ယနေ့ခေတ် မော်ဒန်ကားပုံစံအဖြစ် ပြောင်းလဲတပ်ဆင်ထားခြင်းဖြစ်ပါသည်.။ Siam Auto Body ၏ အဆိုအရ ကားများ၏ အစိတ်အပိုင်းများကိုသာ ပြောင်းလဲတပ်ဆင်ခြင်းမဟုတ်ဘဲ ကားတစ်စီးလုံး၏ ပုံစံကို ပြောင်းလဲခြင်းဖြစ်သည့်အတွက် နည်းပညာပိုင်းဆိုင်ရာ အတွေ့အကြုံနှင့် နည်းစနစ်များ များစွာလိုအပ်ကြောင်း သိရပါသည်.။

 

AAITF Bangkok ကားပြပွဲနှင့် သက်ဆိုင်သော အချက်အလက်များနှင့် အသေးစိတ်များကို www.aaitf.com/bangkok/ တွင် သွားရောက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော Media Partner ဖြစ်သည့် CarsDB မှလဲ နောက်ဆုံးရသတင်းများနှင့် ပွဲသတင်းများကို ဆက်လက်တင်ပြပေးသွားဦးမည် ဖြစ်ပါသည်.။

 

www.carsdb.com

No.1 Car Site in Myanmar

 

Latest News

ကုမ္ပဏီလိုင်​စင်​ဖြင့်တင်​သွင်း​သော...

Industrial vehicles 150x150

ကုမ္ပဏီလိုင်​စင်​ဖြင့်တင်​သွင်းလျှက်​ရှိတဲ့ လုပ်​ငန်းသုံးကားများကို ကြိုတင်​ဝင်​​ငွေခွန်​ ကင်းလွတ်​ခွင့်ပြုမည်​ဖြစ်​တယ်​လို့...

Read more »

၁၃၀၀ စီစီကားများ တင်​သွင်းမှူမြင့်တက်​​နေရာ...

Mazda demio 2011 150x150

ဧပြီလ ၁ ရက်​မှစ၍ ၁၅၀၀ စီစီနှင့်အထက်​ စလစ်​ကပ်​ကားများကို ကြိုတင်​ဝင်​​ငွေခွန်​ ​ကောက်​ခံ​တော့မည်​ဖြစ်​၍ ဇန်​နဝါရီလနှင့်ဖေ​ဖော်​ဝါရီလ အတွင်း...

Read more »

ယနေ့ (၂၁.၂.၂၀၁၇) အတွက်...

21217 150x150

စလစ်ဈေး - ၁၂၀ သိန်း ဝန်းကျင် (အမည်ပေါက်)ဒေါ်လာဈေး - (၁ ဒေါ်လာလျှင် ၁၃၅၃ ကျပ်) ဂျပန်ယန်းဈေး - (၁၀၀ ယန်း လျှင် ၁၂၀၀ ကျပ်) ကညန...

Read more »

၁၉၉၅ မော်ဒယ်​​အောက်​ခရီးသည်တင်​​ယာဉ်​အားလုံးကို...

Car bus people on top 150x150

ရန်​ကုန်​တိုင်း​ဒေသကြီးအတွင်း ​ပြေးဆွဲလျှက်​ရှိ​သော ၁၉၉၅ မော်ဒယ်​​အောက်​ ခရီးသည်​တင်​ယာဉ်​များကို ဧပြီလမှစ၍ အပ်​နှံခွင့်အား...

Read more »

တန်ဖိုးကြီး Luxury...

Bus and industrial vehicle 150x150

လုပ်​ငန်းသုံးယာဉ်​များနှင့် ခရီးသည်​တင်​ယာဉ်​များကိုလည်း ဧပြီလ ၁ရက်​မှစ၍ စလစ်​ကပ်​တင်​သွင်းယာဉ်​ ဖြစ်​ပါက ကြိုတင်​ဝင်​​ငွေခွန်​...

Read more »
Download Android App