Tokyo Motor Show မှာ ပြသနေတဲ့ အထူးခြားဆုံး Concept ကား (၅) စီး

44 ကြိမ်မြောက် Tokyo Motor Show ကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ စတင်ပြသနေပြီ ဖြစ်ပါတယ်.။ ဒီပွဲမှာ ကမ္ဘာ့ထိပ်တန်း ကားကုမ္ပဏီကြီးများမှ ကားများစွာ လာရောက်ပြသနေကြပါတယ်.။ အဲဒီကားတွေထဲမှာမှ ထူးခြားဆန်းသစ်တဲ့ နည်းပညာများကို အသုံးပြုထားတဲ့ ကား (၅) စီးကို CarsDB ပရိသတ်များအတွက် ရွေးချယ်တင်ပြပေးလိုက်ပါတယ်.။

 

Toyota FCV Plus Concept

Toyota-FCV-plus

ဟိုက်ဒရိုဂျင် စွမ်းအင်အသုံးပြုထားတဲ့ ကားနဲ့ လျှပ်စစ်စွမ်းအင်သုံး ကားတွေဟာ ကားကုမ္ပဏီအတော်များများ အာရုံစိုက်နေတဲ့ အပိုင်းဖြစ်ပါတယ်.။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လေထုညစ်ညမ်းမှုလျှော့ချရေး နဲ့ ကမ္ဘာကြီးပူနွေးလာမှု လျှော့ချရေး အစရှိတဲ့လုပ်ငန်းစဉ်တွေကို အာရုံစိုက်လုပ်ဆောင်နေကြတဲ့ ခေတ်မှာ ကားတွေအနေနဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ဓာတ်ငွေ့ထုတ်လုပ်မှု လျှော့ချရေးအတွက် ဟိုက်ဒရိုဂျင်နဲ့ လျှပ်စစ်စွမ်းအင်သုံး ကားတွေထုတ်လုပ်ရေးဘက်ကို ခြေဦးလှည့်လာကြပါတယ်.။ Toyota ရဲ့ Hybrid ကားဖြစ်တဲ့ Prius ကားဟာ ကမ္ဘာ့အနှံ့အောင်မြင်မှု ရရှိခဲ့သလို ယခုအခါ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ကားတွေကိုလဲ ထုတ်လုပ်ရောင်းချနေပြီဖြစ်ပါတယ်.။ ယခု FCV Plus ကတော့ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ကားတစ်စီးဖြစ်တဲ့အပြင် ထူးခြားတဲ့ ဒီဇိုင်းရှိရုံသာမက အခြားထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခုကိုပါ အသုံးပြုနိုင်ပါတယ်.။

 

အဲဒါကတော့ ကားကိုအသုံးမပြုဘဲ ရပ်ထားချိန်မှာတောင် လျှပ်စစ် Generator တစ်လုံးအနေနဲ့ အသုံးပြုနိုင်တာပါပဲ.။ ကားမှာတပ်ဆင်ထားတဲ့ Hydrogen Fuel Cells တွေဟာ လျှပ်စစ်မော်တာတစ်လုံးအနေနဲ့ အသုံးပြုနိုင်ပြီး ကားကိုရပ်ထားတဲ့အချိန်မှာလဲ ရပ်ကွက်မီးပေးတဲ့ စနစ်ထဲကို ချိတ်ဆက်ပြီး လျှပ်စစ်မီးပေးနိုင်ပါတယ်.။ ဒါဟာ တိုးတက်တဲ့နိုင်ငံတွေမှာ ဘာမှမဟုတ်ပေမယ့် ကျွန်တော်တို့နိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ မီးပျက်တဲ့အခါ အသုံးဝင်မှာ အသေအချာပါပဲ.။

 

Lexus LF-FC Concept

Lexus-LF-FC1

Toyota ကုမ္ပဏီရဲ့ လက်အောက်ခံကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ Lexus ရဲ့         LF-FC Concept ကလဲ တစ်မျိုးတစ်ဘာသာ ထူးခြားတဲ့ Concept ကားတစ်စီးအဖြစ် Tokyo Motor Show မှာ ထင်ရှားခဲ့ပါတယ်.။ LF-FC ကို ကြည့်လိုက်တာနဲ့ ပထမဆုံးမြင်ရမယ့် ထူးခြားချက်ကတော့ ရုပ်ထွက်ပါပဲ.။ Hydrogen လောင်စာသုံး ကားတွေထဲမှာ အလန်းဆုံးရုပ်ထွက်ကို ပိုင်ဆိုင်ထားပါတယ်.။ ဟိုက်ဒရိုဂျင်လောင်စာကန်တွေဟာ နောက်ဘီးတွေကို တိုက်ရိုက်ဆက်သွယ်ထားရုံသာမက ရှေ့ဘီးရဲ့ အတွင်းဘက်မှာရှိတဲ့ မော်တာ (၂) လုံးကိုပါ ချိတ်ဆက်ထားတဲ့အတွက် ဒီကားဟာ AWD (All Wheel Drive) လို့ ပြောနိုင်တဲ့ကားတစ်စီးဖြစ်ပါတယ်.။ ဒီကားက အဓိက ထူးခြားချက်ကတော့ စတီယာရင်နဲ့ Dashboard မပါဝင်ဘဲ လက်နဲ့ အချက်ပြမောင်းနှင်နိုင်တဲ့ Panel ကို အစားထိုးတပ်ဆင်ထားတာပဲဖြစ်ပါတယ်.။

Lexus-LF-FC-hydrogen-tanks

TV Screen တစ်ခုနဲ့ တူတဲ့ မျက်နှာပြင်ပေါ်မှာ လိုအပ်တဲ့ အချက်အလက်အားလုံး ဖော်ပြထားပြီး ကားကို လက်ဟန်ပြရုံနဲ့ လိုသလို ထိန်းချုပ်မောင်းနှင်နိုင်တဲ့ Hand Gesture စနစ်လဲ ပါဝင်ပါတယ်.။ ဒါ့အပြင် အလိုအလျောက် ထိန်းချုပ်မောင်းနှင်တဲ့ စနစ်လဲ ပါဝင်တာကို တွေ့ရပါတယ်.။

 

Suzuki Air Triser

Suzuki-air-triser

Suzuki ရဲ့ Minivan Concept အသစ်ဟာ ဆလင်ဒါလေးလုံးထိုး Hybrid အင်ဂျင်တပ်ဆင်ထားတဲ့ မီနီဘင် ကားတစ်စီးဖြစ်ပါတယ်.။ ယနေ့ခေတ်မှာ အပြိုင်အဆိုင်ထုတ်ဖော်ပြသနေပြီဖြစ်တဲ့ အလိုအလျောက်ထိန်းချုပ်မောင်းနှင်တဲ့ စနစ်တွေတော့ မပါဝင်ခဲ့ပေမယ့် ကားရဲ့ အတွင်းပိုင်းဟာ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ အလိုအလျောက်မောင်းနှင်တဲ့ကားတွေရဲ့ အတွင်းပိုင်းဒီဇိုင်းအတိုင်းပဲ ဖြစ်ပါတယ်.။ ထိုင်ခုံသုံးတန်း ပါဝင်တဲ့ ဒီကားရဲ့အတွင်းပိုင်းဟာ တစ်ဘက်ကို ခေါက်သွင်း ပုံစံပြောင်းလိုက်တဲ့အခါ ဝိုင်းဖွဲ့ပြီး စကားပြောဆိုနိုင်တဲ့ ခုံတန်းလေးတွေအသွင် ပြောင်းလဲသွားပါတယ်.။ ဒီကားဟာ ပွဲတော်တွေ၊ Campaign မှာ အသုံးပြုနိုင်တဲ့ ကားတွေထဲမှာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံး ဖြစ်လာမှာဖြစ်ပါတယ်.။

Screen-Shot-2015-10-30-at-16.18.13

Honda Wander Stand

Honda-wander-stand

Honda ရဲ့ နှစ်ယောက်စီး ကားငယ်လေး Wander Stand ဟာ နာမည်နဲ့လိုက်ဖက်တဲ့ အမိုးမြင့်မြင့် ခပ်ကျဉ်းကျဉ်းကားလေးတစ်စီးဖြစ်ပါတယ်.။ ကားရဲ့ အရှေ့မှန်မှာ လိုအပ်တဲ့ သတင်းအချက်အလက်တွေဖြစ်တဲ့ မောင်းနှင်တဲ့လမ်းကြောင်း၊ ရုပ်ရှင်ကား၊ ဖုန်း၊ Email အစရှိတဲ့ အချက်အလက်တွေကို ပြသပေးနေမှာ ဖြစ်ပါတယ်.။ အလိုအလျောက်မောင်းနှင်တဲ့ စနစ်ကို အသုံးပြုထားတဲ့အတွက် ဖုန်းနဲ့ချိတ်ဆက်ထားတဲ့ အချိန်မှာ အန္တရာယ်ကင်းရှင်းစေမှာဖြစ်ပါတယ်.။ ဒါကြောင့် Manual မောင်းနှင်နေချိန်မှာတော့အသုံးပြုလို့ရမှာ မဟုတ်ပါဘူး.။

 

ဒါ့အပြင် ဒီကားမှာ စတီယာရင် ပါဝင်မှာမဟုတ်ဘဲ ဂိမ်းကစားတဲ့အခါ ထိန်းချုပ်ရတဲ့ Join Stick နဲ့ ပုံစံတူ ကိရိယာတစ်ခု ပါဝင်မှာဖြစ်ပါတယ်.။ Honda ကတော့ ဒီစတစ်ကို အသုံးပြုခြင်းထက် အသံနဲ့ ထိန်းချုပ်ခြင်းဟာ ပိုပြီးအသုံးဝင်မှာဖြစ်ကြောင်း ပြောဆိုထားပါတယ်.။

 

Mitsubishi Fuso’s Super Great V Spider

Fuso-super-great-v-spider

မစ်ဆူဘီရှီရဲ့ Fuso ကအသစ်ပြသထားတဲ့ Super Great V Spider ဟာ Super Great V ကားကို အခြေခံပြီးတည်ဆောက်ထားတဲ့ လုပ်ငန်းသုံး ကရိန်းကားအမျိုးအစားတစ်ခုဖြစ်ပါတယ်.။ ထူးခြားချက်ကတော့ ကရိန်းရဲ့လက်တံဟာ တစ်ခုထဲမဟုတ်ဘဲ ပင့်ကူတစ်ကောင်လို လေးခုတောင် ပါဝင်တာပါပဲ.။ ဒီကားဟာ လုပ်ငန်းတွေမှာ တကယ်သုံးဖို့ မဖြစ်နိုင်လောက်သေးပေမယ့် ကရိန်းကားတစ်စီးရဲ့ တီထွင်နိုင်စွမ်းနဲ့ လုပ်ငန်းလုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်နိုင်ကြောင်း ပြသနိုင်ခဲ့တဲ့ ကားတစ်စီးဖြစ်ပါတယ်.။

 

ဒီကားတွေထဲက ဘယ် Concept ကားကို သင်အကြိုက်ဆုံးဖြစ်ပါသလဲ? ဘယ်ကားက တကယ်အသုံးဝင်နိုင်ပါသလဲ? သင့်ထင်မြင်ချက်ကို Comment တွေထဲမှာ ရေးခဲ့နိုင်ပါတယ်.။

 

Written by: အောင်မွန်ချမ်း

Ref: Tech in Asia

www.carsdb.com

No. 1 Car Site in Myanmar

Latest News

ကျွန်တော်တို့ CarsDB Website ကို အသုံးပြုပြီး...

Server down 1024 150x150

ကျွန်တော်တို့ CarsDB website ကြီးကို လာမည့် ၁၅.၁.၂၀၁၇ တနင်္ဂနွေနေ့တွင်12:00 AM မှ 4:00 AM ထိ ရေဆေးဆီထိုးခြင်း အလိုင်းမင်းချိန်ခြင်း...

Read more »

ရန်​ကုန်​မြို့ တွင်း ​မောင်းနှင်​​နေ​သော Taxi...

Taxicab 150x150

ရန်​ကုန်​တိုင်း​ဒေသကြီးတွင်​ ​ပြေးဆွဲ​မောင်းနှင်​​နေ​သော Taxi များကို နိုင်ငံတကာတွင်​ကျင့်သုံး​နေသည့် မိုဘိုင်းဖုန်းမှ...

Read more »

၁၉၉၅ မိုဒယ်ေ​အာက် ​ခရီးသည်​ ယာဉ်​များဖြစ်​​သော...

Bm bus 150x150

ရန်​ကုန်​မြို့တွင်း ​ပြေးဆွဲ​နေသည့် ၁၉၉၅ မိုဒယ်​​အောက်​ခရီးသည်​တင်​ယာဉ်​များဖြစ်​​သော စီတီးဘတ်​၊ဘီအမ်​၊ဒိုင်​နာယာဉ်​များကို ၃ လအထိ...

Read more »

ယနေ့ (၁၁.၁.၂၀၁၇) အတွက်...

စလစ်ဈေး - ၁၀၀ သိန်း ဝန်းကျင် ဒေါ်လာဈေး - (၁ ဒေါ်လာလျှင် ၁၃၆၂ ကျပ်) ဂျပန်ယန်းဈေး - (၁၀၀ ယန်း လျှင် ၁၁၇၀.၃ ကျပ်) ကညန...

Read more »

တင်​သွင်းခွင့်ပြုမည့် မော်ဒယ်​အမျို...

Industrial vehicle 150x150

၂၀၁၇ ခုနှစ်​အတွက်​ ပြည်ပက ကားတင်သွင်းရာ​​​တွင်​ တင်​သွင်းခွင့်ပြုမည့် မော်ဒယ်​အမျိုးအစားအလိုက်​CIF တန်​ဖိုးထုတ်​ပြန်​​ပေးမှာဖြစ်​​သော်​လည်း...

Read more »
Download Android App