ကုမ္ပဏီငါးခု မော်တော်ယာဉ်တင်သွင်းခွင့် တစ်နှစ်အပိတ်ခံရ

ကျွန်တော်များ MyanmarCarsDB မှ ယခင်တစ်ပါတ်မှဖော်ပြထားခဲ့သည့် ပျက်စီးဂျပန်ကားများ တင်သွင်းဟုဆိုသည့် သတင်းနှင့်ပါတ်သက်၍ ထပ်မံရရှိသောသတင်းကို တင်ပြလိုက်ရပါသည်။

ဂျပန်နိုင်ငံတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ပျက်စီးနေသော မော်တော်ယာဉ်များ ပြည်တွင်းသို့တင်သွင်းသည့် ကုမ္ပဏီ ငါးခုကို စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တစ်နှစ်ပိတ်ပင်လိုက်ကြောင်း မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်မှုနှင် ကုန်သည်လုပ်ငန်းရှင်များ အသင်းထံမှ စုံစမ်းသိရှိရသည်။

totaled_cars

ယာဉ်တိုက်မှုဖြစ်ပွား၍ ပျက်စီးသောမော်တော်ယာဉ်များတင်သွင်းပါက အဆိုပါမော်တော်ယာဉ်များကိုဥပဒေနှင့်အညီ နိုင်ငံပိုင်သိမ်း ဆည်း၍ သံရည်ကျိုဖျက်ဆီးမည့်အပြင် ယင်းသို့ဆောင်ရွက်ခြင်းကိုလည်း အများပြည်သူထင်သာမြင်သာရှိစေ ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ပျက်စီးမော် တော်ယာဉ်များကိုတင်သွင်းလာသည့် ကုမ္ပဏီများကိုလည်း တင်သွင်းခွင့် တစ်နှစ်ပိတ်ပင်သွားမည့်အပြင် လက် ရှိကျန်ရှိနေသည့် ယင်းယာဉ်များနှင့် ထပ်မံတင်သွင်းလာသည့် ပျက်စီးယာဉ်များကိုလည်း ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ယင်းကြေညာချက်တွင်ဖော်ပြထားသည်။
the_voice

The Voice Daily မှ ကူးယူဖော်ပြသည်။

Photo credits to orangesky3

Latest News

ဘောင်​​ဖောက်​ထည့်ဘောင်​ဖြတ်ထည့်...

Images2 150x150

ပြည်ပက တင်​သွင်းလာသည့်မော်​​တော်​ယာဉ်​များကို ချဲလ်​စီနံပတ်​​ပြောင်းလဲခြင်း ​ဘောင်​​ဖောက်​ထည့်ဘာင်​ဖြတ်​ထည့်ခြင်းများ ပြုလုပ်​ထား​သော...

Read more »

ခရီးသည်​တင်​...

လက်​ရှိ ရန်​ကုန်​တိုင်း​ဒေသကြီးအစိုးရအဖွဲ့အ​နေနဲ့ ခရီးသည်​တင်​ အများပိုင်​ယာဉ်​လိုင်းစီးနင်းသူများ အဆင်​​ပြေ​ချော​မွေ့စွာ...

Read more »

ယနေ့ (၂၃.၁.၂၀၁၇) အတွက်...

စလစ်ဈေး - ၁၀၄ သိန်း ဝန်းကျင်ဒေါ်လာဈေး - (၁ ဒေါ်လာလျှင် ၁၃၅၆ ကျပ်) ဂျပန်ယန်းဈေး - (၁၀၀ ယန်း လျှင် ၁၁၈၅.၅ ကျပ်) ကညန နောက်ဆုံးရောက်ရှိနံပါတ်...

Read more »

ဧပြီ ၁ ရက်​မှစ၍ ယာဉ်​အိုယာဉ်​​ဟောင်း...

Local revenue 150x150

ဧပြီ ၁ ရက်​မှစ၍ ယာဉ်​အိုယာဉ်​​ဟောင်း စလစ်​ကပ်​တင်​သွင်းသည့်​ကားများကို လူပုဂ္ဂိုလ်​တစ်​ဦးချင်း အတိုင်း ဝင်​​ငွေခွန်​​​ပေး​ဆောင်​ရမည်​...

Read more »

ဆိပ်​ကမ်းတွင်​ ​ရောက်​ရှိ​နေ​သော without body...

လက်​ရှိ ဆိပ်​ကမ်းမျာတွင်​ ​ရောက်​ရှိ​နေ​သော without body ဖြင့်တင်​သွင်းလာ​သောကားများကို 1/90 AV ဒဏ်​​ကြေးဖြင့်ထုတ်​ယူခွင့်ပေး၍ မတ်​လ ၁၁...

Read more »
Download Android App