ပဲရစ် မော်တာ ရှိုးပွဲမှာ အတည်ပြု ပြသမယ့် Ferrari ရဲ့ LaFerrari Spider 2017

ferreri

ပြီးခဲ့တဲ့ ဇူလိုင် ၅ရက်နေ့က Laferrari Spider 2017 ရဲ့ ပုံသုံးပုံ ထွက်ရှိလို့လာပါတယ်။ ကားအရှေ့ပိုင်း တစ်ဖက်တစ်ချက်မှ ရိုက်ကူးထားတဲ့ ပုံ နှစ်ပုံ နဲ့ အပေါ်စိးက ရိုက်ထားတဲ့ ပုံတစ်ပုံပါ။အရှေ့က ထွက်ရှိခဲ့တဲ့ LaFerrari နဲ့ Spider တွေရဲ့ အကြီးဆုံး ကွာခြားချက်ကတော့ ခေါင်မိုးပိုင်းပါပဲ။ Ferrari တွေရဲ့ လောလောလတ်လတ် ထွက်ရှိထားခဲ့တဲ့ မော်ဒယ်တွေရဲ့ ခေါင်မိုးအရှင်တွေဟာ သတ္တု နဲ့ အမာသားတွေကို အသုံးပြုထားတာဖြစ်ပြီး LaFerrari Spider ရဲ့ ခေါင်မိုးကတော့ ဖွင့်ပိတ်လို့ရတဲ့ ကာဗွန် ဖိုက်ဘာ အမာ နဲ့ အပျော့သားဆိုပြီး နှစ်မျိုး ရွေးချယ်နိုင်ပါတယ်။

ferreri1

LaFerrari ကားတွေဟာ Hybrid System ဖြစ်တာကြောင့် ၆.၃ လီတာ V12 အင်ဂျင် ကို ဘက်ထရီ ပါဝင်တဲ့ 950bhp လျှပ်စစ် မော်တာ တို့ပေါင်းစပ်ပါဝင်ပြီး ခုထွက်ရှိတဲ့ Spider ကိုလည်း ယခင်ကအတိုင်း မပြောင်းလည်းပဲထုတ်လုပ်ထားပါတယ်။

laferrari_serie_limitata_4

Ferrari ရဲ့ CEO Sergio Marchionne အတည်ပြုတာကတော့ ယခုနှစ်အစောပိုင်းမှာပဲ ထွက်ရှိလာမယ့် Spider ကို ဝယ်နိုင်ခြေရှိတဲ့ Customer တွေကို ပြထားပြီးဖြစ်ပြီး အချို့တွေကတော့ ဝယ်ယူဖို့လည်း အတည်ပြုလိုက်ပြီလို့သိရပါတယ်။

ဈေးနှုန်းကိုတော့ ထုတ်ဖော်ပြောပြထားခြင်းမရှိပေမယ့် ကြိုတင်ရောင်းချခံထားရတဲ့ သူတွေဆီက သတင်းစကားအရ LaFerrari Spider အသစ်တစ်စီးကို အခွန် မပါပဲ ယူရို ၃.၅ သန်း ရှိတယ်လို့ ဆိုပါတယ်။

Reference from Autocar

Latest News

ကုန်​​တင်​ယာဉ်​ကြီး...

Container1 150x150

ရန်​ကုန်​မြို့အတွင်း ကုန်​တင်​ယာဉ်​နဲ့ ကုန်​​သေတ္တာယာဉ်​များကို အချိန်​ကန့်​သတ်​သွားလာရမည်​ဖြစ်​​သော်​လည်း အ​ရေးကြီးကုန်​စည်​များ...

Read more »

ကုမ္ပဏီ လိုင်​စင်​​ဖြင့်လုပ်ငန်းသုံးကား...

Breakingnews n 150x150

ပင်လယ်ေ​​ရ​ကြောင်းမှတစ်​ဆင့်လည်း​ကောင်း ၊ နယ်​စပ်​​ဒေသများမှလည်း​ကောင်း ကုမ္ပဏီ လိုင်​စင်​​ဖြင့် ၅ တန်​နှင့်​​အောက်​လုပ်​ငန်းသုံးကားများ...

Read more »

ယာဉ်အိုယာဉ်​​ဟာင်းအပ်​နှံပြီး...

Oldcars 150x150

သက်​တမ်းနှစ် ​နှစ်​ဆယ်​ပြည့်ြ့​ပီး ယာဉ်​အိုယာဉ်​​ယောင်းအပ်​နှံပြီး အစားထိုးတင်​သွင်းသည့် စနစ်​အစား အခြားနည်းလမ်းတစ်​ခုဖြင့်...

Read more »

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး...

Container 150x150

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး ကမ်းနားလမ်းပေါ်ရှိမြို့ထဲ အသွား ကမ်းနားဘက်ခြမ်းတွင် ကွန်တိန်နာယာဉ်များ တန်းစီရပ်တန့်ထားသောကြောင့်...

Read more »
Download Android App