ဈေးကွက်ကျဉ်းမြောင်းလာနိုင်သည့် (၂၀၁၅) ခုနှစ် ကားဈေးကွက်

ကားတင်သွင်းခွင့်များအား ထိန်းချုပ်ကန့်သတ်သည့် ကားပါကင်၊ ပါမစ်သက်တမ်းနှင့် Recodonition အချက် (၆) ချက် စသည့်မူဝါဒ အပြောင်းအလဲများကြောင့် (၂၀၁၅) ခုနှစ်ကားဈေးကွက်မှာ ရောင်းလိုအားများ၍ ဝယ်လိုအားနည်းကာ ဈေးကွက်ဝေစုခွဲဝေယူရသည့် ဈေးကွက်ကျဉ်းမြောင်းမှု ဖြစ်လာနိုင်ကြောင်း ကားလုပ်ငန်းရှင်အချို့မှာ သုံးသပ်ထားသည်.။

နယ်ဝယ်လက် အားထားနေရသည်ဟုဆိုသော်လည်း မြန်မာနိုင်ငံတွင် ရန်ကုန်မြို့ကားဈေးကွက်မှာ အကြီးမားဆုံးဖြစ်၍ အထက်ပါကန့်သတ်ချက်များကြောင့် ကားတင်သွင်းမှုမှာ နည်းပါးသွားနိုင်ကြောင်း ကားလေလံကုမ္ပဏီတစ်ခု၏ ဒါရိုက်တာတစ်ဦးက ပြောပြခဲ့သည်.။ ကား Showroom များမှာ ကွန်ဆိုင်းမန့်စနစ်ဖြင့် ဝယ်ယူတင်သွင်းခွင့်ရောင်းချနိုင်ခြင်းကြောင့် ကားတင်သွင်းနိုင်မှု ရှိနိုင်သော်လည်း ဝယ်သူဘက်မှ အားနည်းနိုင်ကြောင်းသိရသည်.။ ရောင်းလိုအားများကာ ဝယ်လိုအားနည်းသည်နှင့်အမျှ ဈေးကွက်ဝေစုခွဲဝေယူရခြင်းကြောင့် (၂၀၁၅) ခုနှစ်ကားဈေးကွက်မှာ ကျဉ်းမြောင်းလာနိုင်ကြောင်း အဆိုပါပုဂ္ဂိုလ်ကသုံးသပ်ပြသည်.။

"ကျွန်တော့်အမြင်ပေါ့လေ။ Market ထဲမှာ ရန်ကုန်ကားဈေးကွက်က အကြီးဆုံး။ ကားများလွန်းလို့ ထိန်းချုပ်ရတာပဲကြည့်။ ကန့်သတ်မှုတွေလုပ်လာတော့ ကားသွင်းတဲ့သူနည်းသလို ဝယ်တဲ့လူလည်း နည်းနိုင်တယ်။ သွင်းတဲ့လူကတော့ ပုံမှန်ပဲသွင်းတောင် ဝယ်မယ့်သူက နည်းနိုင်တယ်.။ ဈေးကွက်ကျဉ်းသွားနိုင်တယ်လို့ ခန့်မှန်းရတယ်" ဟုရှင်းပြခဲ့သည်.။

လတ်တလောအချိန်တွင် နှစ်ကုန်ဆုံးချိန်ဖြစ်ပြီး ဂျပန်လေလံများ ပိတ်ထားကာ မြန်မာနိုင်ငံတွင်းတွင်လည်း (၂၀၁၄) ခုနှစ်အတွက် ကားတင်သွင်းခွင့်ပါမစ်များ ပိတ်ထားပြီးဖြစ်သည့်အတွက် ကားမှာယူမှုများမရှိသေးဘဲ အားလုံးရပ်နားထားကြောင်းသိရသည်.။

ရွှေစံ (Auto World)
www.myanmarcarsdb.com

 

Latest News

ယ​နေ့ အ​ကောက်​​ခွန်​ဦးစီးဌာနတွင်​...

Revenue office 150x150

သွင်းကုန်​လိုင်​စင်​​ဖော်​ပြချက်​၊သွင်းကုန်​​ကြေငြာလွှာတွင်​​ဖော်​ပြထားသည့်အမျိုးအစား နှင့် မျက်မြင်​စစ်​​ဆေးခြင်း ကွဲလွဲတာကို Type လွဲ...

Read more »

ထရပ်​နှင့် လိုက်ထရပ်​ကားများ...

Toyota liteace 1997 150x150

ထရပ်​နှင့် လိုက်ထရပ်​ကားများ လက်​ကျန်​အင်​ဂျင်​များကို စက်​မှူဇုန်​ အဖြစ်​ထုတ်​လုပ်​မည်​ဖြစ်ရာ ရန်​ကုန်​လိုင်​စင်ဖြင့်...

Read more »

Brand name ကွဲလွဲသည့် Original Equipment...

1av1 150x150

Brand name ကွဲလွဲသည့် Original Equipment manufacture (OEM) စနစ်​ဖြင့် တင်သွင်း​သောကားများကို မတ်​လ ၁၁ ရက်​​နေ့မှစ၍ သိမ်းဆည်း...

Read more »

၂၀၁၄ မော်ဒယ်​ဖြင့် တင်​သွင်းထားသည့်ကားများကို...

Corrolla 150x150

၂၀၁၄ မော်ဒယ်​ဖြင့်တင်​သွင်းထားသည့်ကားများကို စလစ်​မကပ်​ဘဲ ကနဦးမှတ်​ပုံတင်​ပြုလုပ်​​ပေးရန်​ တင်​ပြ​တောင်းဆိုထားရှိတယ်​လို့...

Read more »

YBS စနစ်​၏ လိုအပ်​ချက်​များ...

Bus and taxi 150x150

ရန်​ကုန်​မြို့တွင်​ အများပြည်​သူစီးနင်းသွားလာ​နေသည့် အများပိုင်​ယာဉ်​လိုင်း YBS စနစ်​၏ လိုအပ်​ချက်​များ လုပ်​​ဆောင်ြ​ပီးမှသာ ​​အဌားယာဉ်​များ...

Read more »
Download Android App