အဆင့်မြှင့်တင်ထားတဲ့ ပြောင်းလဲဖန်တီးမှုတွေနဲ့ 2015 Honda Civic

Honda သည် ကမ္ဘာကျော် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်စသည့် သယ်ယူပို့ဆောင်ရေးယာဉ်များထုတ်လုပ်မှုဖြင့် အထူးနာမည်ရသည့် ကုမ္ပဏီဖြစ်ပါသည်။Honda ထုတ် လူစီးမော်တော်ယာဉ်များသည် ဆယ်စုနှစ်များစွာတိုင်အောင် ကမ္ဘာ့ကားလောကတွင် နေရာတစ်ခုရယူနိုင်ခဲ့ပြီးအောင်မြင်မှုများလည်း များစွာရရှိခဲ့ပါသည်။
ကားကုမ္ပဏီတိုင်းတွင် ၄င်းတို့ ဂုဏ်ထူးဆောင် Model များရရှိသည့်နည်းတူHonda ၏ ပြယုဂ်အနေဖြင့်လည်း Accord နှင့်Civic တို့သည် ထင်ရှားလှပါသည်။Honda Accord နှင့်Honda Civic တို့သည်ကမ္ဘာ့ကားလောကတွင် မကြာခဏ ရောင်းအားအကောင်းဆုံးစံချိန်များတင်နိုင်ခဲ့သည့်အပြင် ကမ္ဘာအနှံရှိ ကားချစ်သူများမှလည်း အထူးနှစ်ခြိုက်စွာစီးနင်းကြသည့် ကားများလည်းဖြစ်ပါသည်။
၎င်းတို့အနက် Honda Civic သည် Honda ၏ အလတ်တန်းအဆင့် Sedan ဇိမ်ခံကားများတွင် လှပသည့်ဒီဇိုင်း၊ စွမ်းအင်ချွေတာပြီးဆီစားသက်သာမှု၊အဆင့်မြင့်နည်းပညာသုံး ပစ္စည်းများ ပြည့်စုံစွာ ပါဝင်မှု စသည့်အချက်များကြောင့် Honda ၏ ထိပ်တန်းရောင်းရသည့်ကားအနေဖြင့် အောင်မြင်မှု ရရှိခဲ့ပါသည်။ယခု ၂၀၁၅ အချိန်အထိ မျိုးဆက်ပေါင်းများစွာ တိုးတက်ထုတ်လုပ်လာနိုင်သည့် Honda Civic သည် 2015 Model Year အတွက် ပုံမှန် 4 door sedan အပြင် 2 door coupe ဟူ၍ ပုံစံ ၂ မျိုးဖြင့်ထုတ်လုပ်ထားပြီး ယခင် မော်ဒယ်များနှင့်မတူဘဲ ပါဝင်မှု အသစ်များ ထပ်မံထည့်သွင်းထားကာ Driving Performance, အောက်ပိုင်း ဆိုင်းထိန်းစနစ်များကိုလည်း အဆင့်မြှင့်တင် ထုတ်လုပ်ထားပါသည်။ထိုသို့ပြောင်းလဲမှု အချို့ဖြင့် ဖန်တီးထားသည့် 2015 Honda Civic အား စတင်လေ့လာကြပါစို့။
2015 Honda Civic သည် Midsize Compect Car အမျိုးအစားဖြစ်ပြီး Coupe နှင့် Sedan ဟူ၍Body Style နှစ်မျိုး ထုတ်လုပ်ထားပါသည်။Trim Levels များအနေဖြင့် Civic Coupe Sedan များတွင် Lx,Ex-L,Ex-L Navi ဟူ၍ Tirm ၄ မျိုးရရှိနိုင်ပါသည်။ထို့ပြင် SE,HF,Hybird,Natural Gas စသည့်Trim ၄ မျိုးအားCivic Sedan တွင်သာ သီးသန့်ထည့်သွင်းထားပါသည်။ထို့အပြင် Sport Style တစ်ခုဖြစ်သည့် Civic Si Trim အား Sedan,Coupe ၂မျိုးလုံးတွင် မှာယူရရှိနိုင်ပါသည်။
17227779051900596712-500x353

Civic LX Trim သည် Entry-Level ဆိုသော်လည်း 2015 Model ဖြစ်၍ ပါဝင်ပစ္စည်းများစုံလင်စွာ ထည့်သွင်းထားပါသည်။၎င်းတွင် အဓိကပါဝင်မှုများမှာ Full Power accessories,Cruies control,5 inch dispiay screen,Reaview camera,Bluetooth phone and audio,SMS Text massage Functionality,စပီကာ ၆ လုံးပါ အသံစနစ် နှင့် CD player,iPad,USB interface,Pandora Radio စသည်တို့ဖြစ်ကြပါသည်။Civic Sedan SE Trim တွင် ထပ်မံ၍ 15 inch alloy wheel,Right-side blind spot camera,Automatic climatic control,Hondalink smartphone intergration ၄င်းစနစ်တွင် Aha radio နှင့် Applebased Siri Eyes Free voice command functionality စသည့် ပါဝင်မှုများ ထည့်သွင်းထားပါသည်။Civic EX Trim တွင်မူ အဓိကအားဖြင့် 16-inch alloy wheel,automatic headights,Keyless entry,ignition,sunroof,7-inch central touchscreen display, HDMI interface စသည်တို့အပြင် Coupe EX Trim တွင် စပီကာ ၇ လုံးပါ အသံစနစ်တို့အားရရှိနိုင် မည်ဖြစ်ပါသည်။၎င်းထက် အဆင့်မြင့်သည့် Civic Ex-L Trim တွင်မူထပ်မံ၍ 17-inch alloy wheel,နှင်းခွဲမီးများ၊ Leather upholstery,အပူပေးစနစ်ပါ အရှေ့ထိုင်ခုံများ၊8-way power seats စသည်တို့ ထည့်သွင်းထားပါသည်။Civic Ex-L Navi Trim တွင်မူ Navigation System,HD and Satellite radio စသည်တို့အား သီးသန့်ထည့်သွင်းထားပါသည်။ Civic Sedan HF Trim သည် Sedan LX Trim နှင့် ပါဝင်မှုများ တူညီပြီး ၄င်းတို့တွင် ထပ်မံ၍ Low-rolling-resistance tires,Aerodynamic cast aluminum wheels,Rear spoiler စသည်တို့ ဖြည့်စွက်ထည့်သွင်းထားပါသည်။
Civic Hybrid Sedan တွင်အတွင်းပါပိုင်း ပါဝင်မှုများပေါ်မူတည်ကာ base,Leather,Navi,Leather with Navi ဟူ၍ Trim Level ၄ ခု ခွဲခြားထားပြီး ၄င်းတို့သည် Civic Ex,Ex-L,Ex-L Navi Trim တို့နှင့် ပါဝင်မှုပစ္စည်းများ တူညီကြပါသည်။ထို့အတူ Civic Natural Gas Sedan တွင်လည်း Base,Leather ဟူ၍ Trim ၂ မျိုးရရှိနိုင်ပြီး ၄င်းတို့သည် Lx,Ex Trim များနှင့် ပါဝင်မှုတူညီပြီးပြိုင်ကားတစ်စင်းကဲ့သို့ ပါဝင်မှုများထည့်သွင်းထားပါသည်။အဓိက ပါဝင်မှုများမှာ 18-inch alloy wheel,နှင်းကွဲမီးများ၊Unique front and rear styling tweaks,Limited-slip front differential,Sport-tuned suspension, Front Sport seats,Aluminum shift knob,Red backlit gauges စသည်တို့ဖြစ်ကြပါသည်။ 2015 Honda Civic တွင် Cargo Capacity အနေဖြင့် Civic Sedan ၌ 11.7 cubic Feet ခန့်လည်းကောင်း၊Civic Coupe တွင် 12.5 Cubic Feet ခန့်လည်းကောင်း၊Civic Hybird Sedan တွင် 10.7 Cubic Feet ခန့်လည်းကောင်း အကျယ်အဝန်းများရှိပါသည်။
2015-Honda-Civic-Sedan-interior-500x282

ရှေ့ဘီးယက် စနစ်သုံး 2015 Honda Civic တွင် အင်ဂျင် အမျိုးအစား ၄ မျိုးရရှိနိုင်ပါသည်။ပုံမှန် Civic Sedan,Coupe များ၌ 1.8L I4 Engine,143hp အင်ဂျင်စနစ်ကိုတပ်ဆင်ထားပါသည်။၎င်းသည် Performance အနေဖြင့် 0 to 60 mph အား 9.1 seconds ဖြင့် အမြန်ဆုံးရောက်ရှိနိုင်ပါသည်။Civic Hybrid တွင် 1.5 L I4 Engine,110hp အင်ဂျင်စနစ်အား Electric motor နှင့် Lithium-ion battery တို့ကိုပေါင်းစပ်ထားပါသည်။၎င်းတွင် Performance အနေဖြင့် 0 to 60mph အား 10.1 Seconds ဖြင့်ရောက်ရှိနိုင်ပါသည်။Civic natural Gas သည် သဘာဝဓာတ်ငွေ့သုံး စနစ်ကို တပ်ဆင်ထားပြီး ၄င်းတွင် 1.8 L I4 Engine,110 hp တို့ဖြင့်တွဲဖက်ထားအပါသည်။ Civic Sport Si တွင်မူ 2.4 L I4 Engine,205hp အင်ဂျင်စနစ်ကို တပ်ဆင်ထားပြီး Performance အနေဖြင့် 0 to 60mph အား 6.8 Seconds ဖြင့် အမြန်ဆုံးရောက်ရှိနိုင်ပါသည်။Gear box အနေဖြင့် 5 Speed manual ကို Standard အနေဖြင့်တပ်ဆင်ထားပြီး CVT Transmission Gear အား Optioal တစ်ခုအနေဖြင့် မှာယူနိုင်ပါသည်။Civic sport Si တွင် 6 Speed Manual အားတပ်ဆင်ထားပါသည်။
2015 Honda Civic တွင် Safety အနေဖြင့် Stability Control,Antilock brakes,Fully airbags system, Right-side blind sport camera,Emergency crash notification စသည့်အဆင့်မြင့်လုံခြုံရေးစနစ်များ ပြည့်စုံစွာထည့်သွင်းထားပါသည်။
2015 Honda Civic အား US$18,290 ခန့်ဖြင့်ရောင်းချမည်ဖြစ်ပြီး အပိုဆောင်းပါဝင်မှု options feature များအပေါ်မူတည်ကာ ဈေးနှုန်းများပြောင်းလဲမည်ဖြစ်ပါသည်။ဈေးကွက်အတွင်း၌ ၄င်းနှင့်အခြားသော ယှဉ်ပြိုင်ဘက် Brand များမှာ2015 Ford Focus,2015 Kia forte,2015 Mazda 3 စသည်တို့ဖြစ်ကြပါသည်။နိဂုံးချုပ်အနေဖြင့် Honda တွင် အထူးထင်ရှားလှသည့် 2015 ထုတ် Honda Civic အား စီစဉ်တင်ဆက်အပ်ပါသည်ခင်ဗျား။
မျိုးမင်းသာ(Hana Victory)

www.carsdb.com

No. 1 Car Site in Myanmar

 

Latest News

ကုန်​​တင်​ယာဉ်​ကြီး...

Container1 150x150

ရန်​ကုန်​မြို့အတွင်း ကုန်​တင်​ယာဉ်​နဲ့ ကုန်​​သေတ္တာယာဉ်​များကို အချိန်​ကန့်​သတ်​သွားလာရမည်​ဖြစ်​​သော်​လည်း အ​ရေးကြီးကုန်​စည်​များ...

Read more »

ကုမ္ပဏီ လိုင်​စင်​​ဖြင့်လုပ်ငန်းသုံးကား...

Breakingnews n 150x150

ပင်လယ်ေ​​ရ​ကြောင်းမှတစ်​ဆင့်လည်း​ကောင်း ၊ နယ်​စပ်​​ဒေသများမှလည်း​ကောင်း ကုမ္ပဏီ လိုင်​စင်​​ဖြင့် ၅ တန်​နှင့်​​အောက်​လုပ်​ငန်းသုံးကားများ...

Read more »

ယာဉ်အိုယာဉ်​​ဟာင်းအပ်​နှံပြီး...

Oldcars 150x150

သက်​တမ်းနှစ် ​နှစ်​ဆယ်​ပြည့်ြ့​ပီး ယာဉ်​အိုယာဉ်​​ယောင်းအပ်​နှံပြီး အစားထိုးတင်​သွင်းသည့် စနစ်​အစား အခြားနည်းလမ်းတစ်​ခုဖြင့်...

Read more »

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး...

Container 150x150

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး ကမ်းနားလမ်းပေါ်ရှိမြို့ထဲ အသွား ကမ်းနားဘက်ခြမ်းတွင် ကွန်တိန်နာယာဉ်များ တန်းစီရပ်တန့်ထားသောကြောင့်...

Read more »
Download Android App