၂၀၁၄ Green Car နည်းပညာဆု Cadillac ရရှိ

ကားကုမ္ပဏီတစ်ခု ဖြစ်သည့် Cadillac သည် ပြိုင်ဘက်ကား အမှတ်တံဆိပ်များကို ကျော်ဖြတ်ကာ The Green Car ဂျာနယ်မှ ပေးအပ်ချီးမြှင့်သော ၂၀၁၄ Green Car နည်းပညာဆုကို လက်ခံရရှိခဲ့ကြောင်း ဇန်န၀ါရီ ၂၆ ရက်က ‘USA Today’ သတင်းစာမျက်နှာ၌ ဖော်ပြခဲ့သည်။

2000 newlogo

Cadillac ကုမ္ပဏီအတွက် Green Car Technology Award ကို ၎င်းတို့ကုမ္ပဏီထုတ် Plug-in ဇိမ်ခံကား အမျိုးအစားသစ် Cadillac ELR က ဆွတ်ခူးပေး ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ရက်သတ္တပတ်က ၀ါရှင်တန် ကားပြပွဲ၌ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ တွေ့နေကျ လျှပ်စစ်အသုံးပြု မောင်းနှင်မှု စွမ်းဆောင်ရည်စနစ်ကို ပိုပြီး စိတ်ဝင်စားမှု ရှိအောင် ပေါင်းစပ်ပေးနိုင်တဲ့ Cadillac ရဲ့ နည်းပညာက ပါးပါးနပ်နပ် ပေါ်ထွက်လာတာဖြစ်ပြီး ကားမောင်းနှင်မှု အတွေ့အကြုံမှာ ရှုထောင့်သစ်တစ်ခုကို ဖြည့်စွက်ပေးပါတယ်”ဟု ဆုရွေး ချယ်ပေးအပ်ခဲ့သည့် The Green ဂျာနယ် အယ်ဒီတာနှင့် ထုတ်ဝေသူ Ron Cogan ကပြောကြားခဲ့သည်။ Hybrid နှင့်လျှပ်စစ်ကား များ၌တွေ့ရသော Regenerative Braking System အများစုကဲ့သို့ပင် Cadillac ELR ၏ လျှပ်စစ်မိုတာမှာ ကုန်ဆုံးသွားသည့် စွမ်းအင်ကို ဘရိတ်နင်းထားချိန်တွင် ပြန်လည်ရယူ၍ ဘက်ထရီကို အားဖြည့်ပေး နိုင်သော်လည်း အခြားစနစ်များနှင့် ကွဲပြားခြားနားသည့် အချက်မှာ ယာဉ်မောင်းသူအနေဖြင့် ယင်းသိုလှောင်ထားသည့် စွမ်းအင်ကို စတီယာရင်တွင် ပါရှိသည့် ခလုတ်များနှိပ်ကာ အသုံးပြုနိုင်စေခြင်း ဖြစ်သည်။ Plug-in ကားအမျိုးအစား Cadillac ELR သည် ယခုဆုကို ပြိုင်ဘက် အမှတ်တံဆိပ်များ ဖြစ်သည့် Acura ၊ Audi ၊ BMW ၊ Ford ၊ Honda ၊ Hyundai ၊ Mazda ၊ Porsche နှင့် Ram တို့၏ နည်းပညာများအား ကျော်ဖြတ်ကာ ရရှိခဲ့ခြင်း ဖြစ်သည်။


 

Ref: Automobile

Latest News

ကုန်​​တင်​ယာဉ်​ကြီး...

Container1 150x150

ရန်​ကုန်​မြို့အတွင်း ကုန်​တင်​ယာဉ်​နဲ့ ကုန်​​သေတ္တာယာဉ်​များကို အချိန်​ကန့်​သတ်​သွားလာရမည်​ဖြစ်​​သော်​လည်း အ​ရေးကြီးကုန်​စည်​များ...

Read more »

ကုမ္ပဏီ လိုင်​စင်​​ဖြင့်လုပ်ငန်းသုံးကား...

Breakingnews n 150x150

ပင်လယ်ေ​​ရ​ကြောင်းမှတစ်​ဆင့်လည်း​ကောင်း ၊ နယ်​စပ်​​ဒေသများမှလည်း​ကောင်း ကုမ္ပဏီ လိုင်​စင်​​ဖြင့် ၅ တန်​နှင့်​​အောက်​လုပ်​ငန်းသုံးကားများ...

Read more »

ယာဉ်အိုယာဉ်​​ဟာင်းအပ်​နှံပြီး...

Oldcars 150x150

သက်​တမ်းနှစ် ​နှစ်​ဆယ်​ပြည့်ြ့​ပီး ယာဉ်​အိုယာဉ်​​ယောင်းအပ်​နှံပြီး အစားထိုးတင်​သွင်းသည့် စနစ်​အစား အခြားနည်းလမ်းတစ်​ခုဖြင့်...

Read more »

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး...

Container 150x150

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး ကမ်းနားလမ်းပေါ်ရှိမြို့ထဲ အသွား ကမ်းနားဘက်ခြမ်းတွင် ကွန်တိန်နာယာဉ်များ တန်းစီရပ်တန့်ထားသောကြောင့်...

Read more »
Download Android App