1300 CC အောက်ကားများပါမစ်မလိုဘဲ သွင်းနိုင်မည်ဆိုသော ကောလဟာလကြောင့် ကားဈေးများထိုးကျ

အင်ဂျင်ပါဝါ ၁၃၀၀ စီစီ အောက်ကားများကို ပါမစ်သီးခြားလျှောက်စရာမလိုဘဲ တင်သွင်းနိုင်မည်ဟု အတည်မပြုနိုင်သေးသော ကောလဟာလသတင်းများထွက်ပေါ်ပြီးနောက် ရန်ကုန်မြို့တွင်ကားဈေးများထိုးကျသွားကြောင်း Yangon Press International မှတစ်ဆင့်ကြားသိရသည်။ အဆိုပါသတင်းကြောင့် ကားဈေးများသာမက ပါမစ်ဈေးများပါထိုးဆင်းသွားကြောင်း ၀ယ်ရောင်းမိတ်ဆွေများမှတစ်ဆင့်လည်း သိရပါသည်။

အထက်ပါသတင်းမှာ လက်ရှိဝယ်ပြီးသူများအတွက် သတင်းဆိုးတစ်ခုဖြစ်သော်လည်း နောက်နောင် အိမ်စီးကားငယ်လေးများဝယ်ယူမည့်သူများအတွက်တော့ သတင်းကောင်းတစ်ခုဟုပြောရမှာပါ။ အဆိုပါ အင်ဂျင် ၁၃၀၀စီစီအောက်ကားအမျိုးအစားများတွင် Suzuki Swift, Toyota Vitz, Honda Fitt, Suzuki Wagon R+ နဲ့အတူ ချယ်ရီကားများလည်းပါဝင်ပါသည်။ တက္ကစီထောင်လိုသူများ၊ အိမ်စီးသုံရန်ဝယ်လိုသူများကြိုက်လေ့ရှိသည့် ကားတော်တော်များများဟု ပြောလို့ရပါသည်။

ဆက်စပ် သတင်းအချက်အလက်တစ်ခုအနေဖြင့် ကျွန်တော်တို့ MyanmarCarsDB တွင်လည်း အတင်အများဆုံးကား များမှာ ၁၃၀၀ စီစီ အုပ်စုတန်းတွင် ပါဝင်သောကားများဖြစ်ကြောင်း အတည်ပြုပြောကြားအပ်ပါသည်။

တခြားရန်ကုန်တွင် ဘယ်လိုကားမျိုးကို အများဆုံးတွေ့ရှိဖူးသလဲဆိုတဲ့မေးခွန်းကိုလည်း ကျွန်တော်တို့ Facebook Page ပေါ်တွင်မေးထားပါသည်။ ၀င်ရောက်ဆွေးနွေးဖြေကြားပေးပါရန်တောင်းဆိုပါသည်။

 

Reference: Yangon Press International

Latest News

ဘောင်​​ဖောက်​ထည့်ဘောင်​ဖြတ်ထည့်...

Images2 150x150

ပြည်ပက တင်​သွင်းလာသည့်မော်​​တော်​ယာဉ်​များကို ချဲလ်​စီနံပတ်​​ပြောင်းလဲခြင်း ​ဘောင်​​ဖောက်​ထည့်ဘာင်​ဖြတ်​ထည့်ခြင်းများ ပြုလုပ်​ထား​သော...

Read more »

ခရီးသည်​တင်​...

လက်​ရှိ ရန်​ကုန်​တိုင်း​ဒေသကြီးအစိုးရအဖွဲ့အ​နေနဲ့ ခရီးသည်​တင်​ အများပိုင်​ယာဉ်​လိုင်းစီးနင်းသူများ အဆင်​​ပြေ​ချော​မွေ့စွာ...

Read more »

ယနေ့ (၂၃.၁.၂၀၁၇) အတွက်...

စလစ်ဈေး - ၁၀၄ သိန်း ဝန်းကျင်ဒေါ်လာဈေး - (၁ ဒေါ်လာလျှင် ၁၃၅၆ ကျပ်) ဂျပန်ယန်းဈေး - (၁၀၀ ယန်း လျှင် ၁၁၈၅.၅ ကျပ်) ကညန နောက်ဆုံးရောက်ရှိနံပါတ်...

Read more »

ဧပြီ ၁ ရက်​မှစ၍ ယာဉ်​အိုယာဉ်​​ဟောင်း...

Local revenue 150x150

ဧပြီ ၁ ရက်​မှစ၍ ယာဉ်​အိုယာဉ်​​ဟောင်း စလစ်​ကပ်​တင်​သွင်းသည့်​ကားများကို လူပုဂ္ဂိုလ်​တစ်​ဦးချင်း အတိုင်း ဝင်​​ငွေခွန်​​​ပေး​ဆောင်​ရမည်​...

Read more »

ဆိပ်​ကမ်းတွင်​ ​ရောက်​ရှိ​နေ​သော without body...

လက်​ရှိ ဆိပ်​ကမ်းမျာတွင်​ ​ရောက်​ရှိ​နေ​သော without body ဖြင့်တင်​သွင်းလာ​သောကားများကို 1/90 AV ဒဏ်​​ကြေးဖြင့်ထုတ်​ယူခွင့်ပေး၍ မတ်​လ ၁၁...

Read more »
Download Android App