၁၃၀၀ စီစီကားလေးများ ဈေးနှုန်း ကျဆင်းသောကြောင့် တက္ကစီစလစ်များလည်း ဈေးနှုန်းကျဆင်း

ကညနအခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များ လျှော့ချလိုက်သောကြောင့် ၁၃၀၀ စီစီကားလေးများ ဈေးနှုန်း ကျဆင်းသွားသလို တက္ကစီစလစ်များလည်း ဈေးနှုန်းကျဆင်းသွား ခဲ့ကြောင်း ကားဝယ်/ရောင်းများထံမှ သိရသည်။Probox
အခွန်နှစ်မျိုး လျှော့ချခဲ့ပြီးနောက် ၁၃၀၀ စီစီ ကားလေးများ ဖြစ်သည့် Toyota Probox ၊ Nissan AD Van ၊ Toyota Passo ၊ Nissan March ၊Mitsubishi Colt ၊ Suzuki Swift စသည့် ကားလေးများ ကျပ် သိန်းနှစ်ဆယ်ခန့် ဈေးနှုန်း ကျဆင်းသွားခဲ့သကဲ့သို့ အောက်ကားများဖြစ်သည့် တက္ကစီ စလစ်အတွက် အပ်ကားများသည်လည်း ဈေးနှုန်းများ ကျပ် ငါးသိန်း ခန့် ကျဆင်းသွားခဲ့သည်။
“၁၃၀၀ စီစီ၊ ၁၅၀၀ စီစီကား လေးတွေကို အခွန်လျှော့ချလိုက်တဲ့အတွက် ကကြီးတန်း၊ ခခွေးတန်း အက္ခရာ အနိမ့်ကားတွေရဲ့ ဈေးတွေ ကျဆင်းသွားပါတယ်၊ အခွန်တွေ မလျှော့ချခင်က တက္ကစီစလစ် ကားတွေက ကျပ် ၆၄ သိန်းဝန်းကျင် ပေါက်ဈေးရှိပေမဲ့ ဒီရက်ပိုင်း အတွင်းမှာတော့ ၅၈ သိန်းအထိ ကျဆင်းသွားပါတယ်၊ တက္ကစီစလစ် အတွက် အ၀ယ်တွေကလည်း ဈေးထပ်ကျမလားဆိုပြီး စောင့်နေကြတဲ့အတွက် အရောင်းအ၀ယ် အနည်းငယ် အေးနေပါတယ်”ဟု ကားဝယ်/ရောင်းတစ်ဦးက ဆိုသည်။ ဈေးကွက် အတွင်း ဖြစ်ပေါ်နေသော တက္ကစီစလစ် အပ်ကားဈေး နှုန်းများအရ Super Saloon ၊ Limited စသည့် အောက်ကားများသည် ၅၈ သိန်းဝန်းကျင် ပေါက်ဈေး ရှိကြောင်း သိရသည်။ အောက်ကားများ အရောင်းအ၀ယ် အေးနေသကဲ့သို့ Carry Truck ကားလေးများသည်လည်း သင်္ကြန်ကာလအပြီးတွင် အရောင်းအ၀ယ် အေးစက်နေသော ကြောင့် ဈေးနှုန်းအနည်းငယ် ကျဆင်းသွားကြောင်း ကားဝယ်/ရောင်း များထံမှ သိရသည်။

 

Ref : Automobile

Latest News

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး...

Container 150x150

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး ကမ်းနားလမ်းပေါ်ရှိမြို့ထဲ အသွား ကမ်းနားဘက်ခြမ်းတွင် ကွန်တိန်နာယာဉ်များ တန်းစီရပ်တန့်ထားသောကြောင့်...

Read more »

Consignment...

Consignment 150x150

ကားအ​ရောင်းပြခန်းများနဲ့ ကားအ​ရောင်းစင်​တာများက Consignment စနစ်ဖြင့်တင်​သွင်းထားရှိ​သောကားများ ၂၀၁၇ ဇူလိုင်​လ အထိ...

Read more »

BRT ဘတ်​စ်​ကားများကို ထိန်းချူ...

Brtcontrolroom 150x150

ရန်​ကုန်​တိုင်း​ဒေသကြီးအတွင်း ​ပြေးဆွဲ​ပေး​နေ​သော BRT အမြန်​ယာဉ်​ကားများကို ထိန်းချူ ပ်​​စောင့်ကြည့်သွားမည့် Control Room...

Read more »

ယနေ့ (၆.၁၂.၂၀၁၆) အတွက်...

Weekly price 150x150

စလစ်ဈေး အနက် - ၁၁၇ သိန်း အနီ - ၉၈ သိန်း တိုက်ကြေ - ၁၀၆ သိန်းဒေါ်လာဈေး (၁ ဒေါ်လာလျှင် ၁၃၀၆ ကျပ်) ဂျပန်ယန်းဈေး (၁၀၀ ယန်း လျှင် ၁၁၈၁.၃...

Read more »
Download Android App